မိုးကောင်းကင် ဖောင်းပြင်ရဲ့ ဆိုက်လေးပါဘဲ ပေါ့ပါးသွက်လက်သွားအောင်
ပြုလုပ်ထားတယ်။ ဘေးရန်ကင်းအောင် စပြိုးထောင်ထားတယ်ဆိုပေါ့တော့

Tuesday, April 23, 2013

စာအုပ်စာပေ ၀ါသနာအိုးများအတွက် ဆိုက်ကောင်းလေးတစ်ခုပေါ့...

ကဲဗျာ ကျုပ်လည်း ကြော်ငြာပေးရတာ ၀ါသနာတောင် ပါလာသလိုဖြစ်နေပါပြီ..။ ဒီကျုပ်ပြောမယ့် ဆိုက်လေး
ကတော့ ဗဟုသုတဖြစ်ဖွယ်စာအုပ်များ သမိုင်းစာအုပ်များ ၀တ္ထုတိုများ ကဗျာများ ကျန်းမားရေး စသဖြင့် တင်
ပေးနေတဲ့ ဆိုက်လေး တစ်ခုကို ညွန်ပြပေးချင်ပါတယ်..။ ဒါက စာပေကို ချစ်သူများအတွက် ၀ါသနာပါသူများ
အတွက်ပါ..။ စာအုပ်ဆိုတာမျိုးက လူသားတိုင်းအတွက် မရှိမဖြစ်တဲ့ အရာတွေပါ..။“အလိမ္မာ စာမှာရှိသည်”
တဲ့  စာအုပ်ထဲမှာ လိမ္မာဖို့ရော ကျန်းမာရေးရော နည်းပညာရော စသဖြင့် စသဖြင့် စုံလင်စွာ ရှိပါတယ် .သို့
သော် စာမဖတ်ရင်တော့ အကန်းနဲ့တူတယ်တယ်..တဲ့ဗျာ .ကျုပ်လည်း ဖတ်တာဖတ်နေတာ ကိုယ်ဖတ်တဲ့ စာ
တွေက အရည်မရ အဖတ်မရတဲ့ ကွမ်းယာလို စာတွေ တစ်ပြားသားမှ အရသာမရှိဘဲ ဒေါသဖြစ်စေတဲ့စာတွေ
ဖြစ်နေတယ်ဗျာ.။ တစ်နေ့လာလည်း ဖွဘုတ်လေးပေါ် တက်ကာ တောင်ရေးမြောက်ရေး ဟိုသတင်းကြည့် ဒီ
သတင်းကြည့်နဲ့ ကောင်းတာနဲပြီး မကောင်းတာတွေ များနေတယ်.လို့ဘဲ ပြောချင်တယ်..။ 



ဒီနေရာမှာ တစ်ဆက်တည်း ပြောခဲ့ချင်တာက အင်တာနက်ဆိုတာကို သိပ်ကြီးတော့ အစွဲအလန်းမထားကြပါ
နဲ့လို မှာလိုက်ချင်တယ်.။ လူတွေအတော်များများ အင်တာနက်သုံးစွဲလာကြတာကို မနာလိုလို့ မဟုတ်ဘူး..။
အချိန်လေးနဲ့ သုံးစွဲရင် ပိုကောင်းလိမ့်မယ် ခုတော့ တစ်နေကုန်သမားလည်း ရှိတယ်..။ တစ်နေကုန်ထိုင်ပြီး
တော့ ဘာလုပ်မှာလဲ ကိုယ့်အနီးနား ပတ်ဝန်းကျင် ကောင်းအောင် လုပ်ရမယ့်အချိန်တွေ မိမိဘ၀အတွက်
ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရမယ့် အချိန်တွေ ကိုယ့်စီးပွါးရေး လုပ်ရမယ့် အချိန်တွေ အတော်များများ
ဟာ အင်တာနက်ထိုင်လို့ ကုန်သွားမယ်ဆိုရင် တစ်ကယ်မကောင်းပါဘူး..။

အင်တာနက်သုံးစွဲခကလည်း ရှိသေးတယ်ဗျာ..။ တစ်နာရီကို ၂၄၀ ကျပ်ဆိုတော့ကာ တစ်နေ့ နှစ်ထောင်
သမားများအတွက်တော့ ဒါဟာ မလွယ်ကူပါဘူး သုံးတာလည်း နဲပါသေးတယ်..။ ၀င်ငွေများတဲ့သူအတွက်
လည်း သိပ်မကောင်းပါဘူး ကျန်းမာရေးတွေ ထိခိုက်လာနိုင်သလို စိတ်ဓါတ်တွေ ပျက်ပြားလာနိုင်တယ်
ဆိုတာကိုတော့ သတိထားစေချင်တယ်.။ မမြင်ရတိုင်း ထင်ရာဇွတ်ပြော အဲလိုလူတွေ သိပ်ပေါတယ်ဗျာ.။

ဒါကြောင့် အင်တာနက်ကို တစ်နေ့ သုံးနာရီလောက်တာ သုံးသင့်တယ်လို့ ကျုပ်အနေနဲ့မြင်တယ်ဗျ.။
ငွေကြေးအရလည်း 750 ကျပ်နှုန်းပေါ့..။ GSM သမားများအတွက်ကတော့ 500 ကျပ်လောက်ဘဲ ထားပါ
တော့ အဲဒီလောက်ဆိုရင် တစ်နေ့တာအတွက် အဆင်ပြေမယ်လို့ ထင်တယ် တစ်ချို့က ညအချိန်မတော်
သုံးစွဲနေကြတာ ကျုပ်ကိုယ်တိုင်လည်း အဲလိုဖြစ်နေတာ အိပ်ချိန်တန်မအိပ်နဲ့ ဒီလိုသာ ဆက်သွားကြမယ် ဆိုရင် အရင်ဆုံးထိမှာကတော့ ဘလော့ကာ သမားတွေပေါ့..။ နောက်ပြီး ဖေ့ဘုတ် အလွန်အကျွံ သုံးစွဲ သူတွေ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်..။ ကျန်းမားရေးတွေထိခိုက်လာတယ်ဆိုရင် နိုင်ငံထိခိုက် တာဘဲ နိုင်ငံသားတွေကျန်းမာမှ အလုပ်လုပ်နိုင်မယ်လေ..။ စသဖြင့် တွေးလိုက်ရင် အများကြီးပါဘဲဗျာ..။ 

အင်တာနက်များများ သုံးရင် ငွေကုန်မယ်..ဖုန်းဘေဖိုးကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်ကုန်မယ်
စားရေးသောက်ရေး အတွက်တောင် အလောဖြစ်နေတာကို ဖုန်းလေးတွေကလည်း 1500 နဲ့ ချပေးပြီ
ဆိုတော့ အကြောင်းမရှိ အကြောင်းရှာ ဆက်ကြတော့မယ်လေ..။ ဒါကိုယ်တွေ့ဗျ ကျုပ် 2011 လောက်က
ဖုန်းမရှိတော့ တစ်နှစ်လုံးမှ ဖုန်းဆက်ခငွေဟာ သုံးထောင် (၃၀၀၀) လောက်ဘဲရှိမယ်ထင်တယ် .. ခုဖုန်း
လည်း ၀ယ်ပြီးရော တစ်နှစ်သုံးစွဲမှုဟာ တစ်သိန်းခွဲ (၁၅၀၀၀၀) ကျော်တယ်ဆိုတော့ တွက်တာ ကြည့်ပေ
တော့ဗျို့ ကျုပ်က ဖုန်းဆက်လို့ ကုန်တာကတော့ နဲပါတယ် အင်တာနက်ဖိုးနဲ့ ကုန်နေတာ ဘာပဲပြောပြော
 ဖုန်းတစ်လုံး ၀ယ်ပြီဆိုရင်တော့ အပိုကုန်ကျငွေတွေ များလာတော့မယ်ဆိုတာကတော့ အသေအချာဘဲ

ဆက်သွယ်းရေးကဏ္ဍ တိုးတက်ဖို့အတွက်လုပ်တာ ကောင်းပေမယ့် သုံးစွဲသူအပေါ်မှာ များစွာထိခိုက်မှု
တွေ ဖြစ်ပေါ်လာနိုင်တယ်..။ သုံးစွဲသူ လူတန်းစား အသီးသီးမှာ များသောအားဖြင့်ကတော့ မြန်မာလူမျိုး
အတော်များများကတော့ ငွေကြေးချမ်းသာသူတွေ အတော်နည်းပါတယ်..။ ဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်
နိုင်အောင် ပိုင်အောင် အခွင့်အလှမ်းတွေ ပွင့်လာအောင် ဆိုရင်တော့ စာအုပ်တွေဟာ လိုအပ်တာက
တော့ အမှန်ပါ..အဲဒီမှာ အရေးကြီးတာက စီးပွါးရေးနှစ်ပါတ်သက်တာတွေ လူမှုဆက်ဆံရေးနှင့် ပါတ်သက်
တာတွေ စာအုပ်ထဲမှာပါတာရော လောကမှာ မြင်ရကြားရတာတွေရောကို သင်ယူတတ်မြောက်နိုင်ရင်
တော့ ပိုကောင်းတာပေါ့ဗျာ..။

စီးပွါးရေးမှာ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကို လေ့လာတာတော့ အကောင်းဆုံးပေါ့...

ကဲဗျာ ဆိုက်ကြော်ငြာပါတယ်ဆိုမှ စာရေးလိုက်တာ အတော်လေးရှည်သွားတယ်...။ ဒီဆိုက်လေးကို
နဲနဲ သဘောကျလို့ ကြော်ငြာပေးလိုက်တာပါ..။ အဓိကကတော့ ခုဏပြောသလိုဘဲ ကိုယ်ဝါသနာပါတဲ့
အလုပ်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေတွေ့ရင် ဒေါင်းလော့ချပြီး ဖတ်သင့်မှတ်သင့်တာတွေ ဖတ်ပေတော့
မှတ်ပေတော့လို့တာ တိုက်တွန်းပါရစေတော့ဗျာ...စာဖတ်ပျင်းတဲ့သူကတော့ စာဖတ်ဖို့ တိုက်တွန်းနေ
ပြီနော်...၀ါသနာ ပါတဲ့သူ ၀ါသနာမပါသော်လည်းဘဲ ဖတ်သင့်ဖတ်ထိုက်တာတွေကတော့ ဖတ်ထား
မှတ်ထားမှပေါ့ဗျာ..ဒါမှ ကောင်းတာပေါ့ ဟုတ်ဘူးလား..
ဆိုက်လိပ်စာလေးကတော့ အောက်ဆုံးကို ရောက်သွားပြီ..ဟေဟေး..
ကဲဒီဆိုက်လေးပါဘဲ မြန်မာစာအုပ်များဆိုပြီးတော့ ဖွင့်လှစ်ထားတဲ့ ဆိုက်လေးပါ..
အတော်လေးကောင်းပါတယ် အားပေးလိုက်ကြပါဦး
ကျုပ်လည်း သဘောကျတာလေးတွေ လိုက်ပတ် ရှာနေတုန်းပါ
ဟိုကောင်ပြောသလို ကုန်ကြမ်းလိုက်ရှာနေတုန်းပေါ့ဗျာ..

အားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ...
စာရေးတာ လိုရင်းမရောက်ခဲ့သော် ကိုယ့်အတွေး ကိုယ့်အမြင်နဲ့သာ 
ဖတ်ကြပါတော့လို့လည်း ပြောပါရစေတော့ဗျာ..


0 comments:

Post a Comment