Pages - Menu

Friday, April 19, 2013

မြန်မာ့သီချင်းကောင်းများကို ဒေါင်းပြီးတော့ နားထောင်ဖို့အတွက် ဆိုက်ကောင်းများ စုစည်းမှုလေးပေါ့..

ကဲတစ်ကယ်ကောင်းတဲ့ သီချင်းလေးတွေကို ဒေါင်းလော့ချပြီးတော့ နားထောင်ဖို့အတွက် ဆိုက်ကောင်းလေး
တွေကို စုစည်းလိုက်တယ်လို့ဘဲ ဆိုပါတော့လေ.နှစ်သစ်မှာ သီချင်းကောင်းလေးတွေကို နားထောင်ရင်း စိတ်ရွှင်လန်းစွာဖြင့်  ဘ၀မှာအောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် မြူးကြွတဲ့ သံစဉ်လေး
တွေကို ဒေါင်းပြီး နားဆင်ကြပါစို့လား ဘော်ဒါတို့ရေ... ကဲ ပထမဆုံးဆိုက်လေးကတော့ MP 3 သီချင်းစီးတီး
အလိုက် တင်ထားတဲ့ ဆိုက်လေးကို ညွန်ပြချင်ပါတယ် ကျုပ်ကိုယ်တိုင်လည်း 1GB မက ဒေါင်းလော့ချပြီးပါ
ပြီ..။ ၀င်ရိုးတန်းဆိုတဲ့ ဆိုက်လေးပါ. http://axeltkw.blogspot.com/  အတော်လေးကောင်း
ပါတယ်။




နောက်တစ်ခုကတော့ http://www.myanmarallmusicchannel.org/ ပါ
ဒီဆိုက်လေးကလည်း အတော်လေး ကိုပြည့်စုံပါတယ်နော်..။ကျုပ်တောင်ဒီဆိုက်ကနေပြီးတော့ လမ်းစရတယ်လို့ဘဲ ဆိုပါတော့လေ..။ အတော်လေးကို အဆင်ပြေပါတယ်သီချင်းကောင်းတွေ   နောက်ဆုံးထွက် သီချင်းတွေကို ဒေါင်းလော့ချရတာ ပျော်စရာလည်းကောင်းသလို နားထောင်ရတာလည်း စိတ်ထဲကို ကြည်နူးစရာတွေရော ထခုန်ပေါက်ချင်စရာ
တွေရော  သီချင်းအမျိုးစုံကို ရရှိနိုင်ပါတယ်နော်..။ သီချင်းတင်တဲ့ ဆိုက်လင့်လေးတွေရော ပြည့်စုံစွာကို
ပြုလုပ်ထားတာတွေ့ရပါတယ်..ဆိုက်ပြင်ဆင်မှုကလည်း အတော်ကောင်းပါတယ်...။


 နောက်တစ်ခုကတော့ http://music.burmatopic.com/ ဆိုတဲ့
ဆိုက်လေးကလည်း ပြင်ဆင်မှုအတော်လေးကောင်းပါတယ်..။  သီချင်းသစ်တွေ သီချင်းအဟောင်းတွေရော Update ဖြစ်ပါတယ်Album လိုက် Download ချနိုင်တဲ့ ဆိုက်ပါဘဲ..

  နောက်တစ်ခုကတော့ http://myanmarmp3album.com/ ဆိုက်လေးပါ
ဒီဆိုက်လေးကလည်း သီချင်းစီတီးအလိုက် ဒေါင်းလော့ချနိုင်တဲ့ ဆိုက်လေးပါ အတော်လေးကို Update ဖြစ်တယ်ဗျာ ပြင်ဆင်ထားပုံကတော့ မျက်စိထဲမှာ ရှင်းလင်းတယ် အတော်လေး အဆင်ပြေပါတယ် ကျုပ်တောင် ဒေါင်းစမ်းကြည့်လိုက်သေးတယ် အတော့်ကို ကြိုးစားထားတာ တွေ့ရပါတယ်ဗျာ...


ကဲနောက်တစ်ခုကတော့ http://www.myanmarhiphopchannel.com/ ဒီဆိုက်လေးကတော့ Hip Hop သီချင်းတွေကို နှစ်သက်တဲ့ သူများအကြိုက်တွေ့စေမယ့် ဆိုက်လေးပေါ့ဗျာ အတော်လေးကိုဘဲ ကြိုးစားထားပါတယ်အားပေးမှုလည်း အတော်လေး ရနေတဲ့ဆိုက်ပါ။


ကဲ နောက်တစ်ဆိုက်ကတော့ http://itburma.com/ ဆိုတဲ့
ဆိုက်လေးပါ ( Register )လုပ်ပြီးအသင်းဝင်ဖြစ်မှ download လင့်များကိုမြင်ရပါမည်။ ဆိုတော့ အကောင့်လေးတော့ လျောက်ထားရဦးမယ်ဆိုတဲ့ သဘော
ပေါ့ ကိုယ်နှစ်သက်သဘောကျတယ်ဆိုရင်တော့ လုပ်ရုံပေါ့...အဆင်ပြေကြပါစေနော်


ကဲအောက်ဆုံးကတော့ ကိုယ့်အတွက် တော်ကီထည့်စရာ နေရာလေးပေါ့ဗျာ 2012 ဥပဒေတွေ ဘာတွေ
ပြောင်းတော့ ခိုးကူးတွေ ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ အေးဗျာ သူများစီးပွါးရေးကို အမြတ်
ကြီးစား ထုတ်ဖို့ ကြိုးစားတာတော့ မလုပ်သင့်ဘူးပေါ့ ခုလိုလေးကြတော့ အဆင်ပြေပါတယ်..။ဘာဖြစ်လို့
လည်းဆိုတော့ သူတို့ ရောင်းချတဲ့ဈေးက တော်လောက်ဝါသနာ ပါတဲ့သူတွေအတွက်တော့ အဆင်မပြေ
ဘူးလေ.။ သူတို့ဘက်ကလည်း ဒီလောက် 1000 ။ 1500 လောက်မှ မရောင်းရရင် အဆင်မပြေဘူးလေ.။
ဘာဖြစ်လို့လဲဆိုတော့ သီချင်းတစ်ပုဒ် ဖြစ်ဖို့ဆိုတာ အတော်လေးကို ကြိုးစားကြရလို့ပါ..။ သံစဉ်ရှာရတယ်
နောက်ပြီးတော့ သံစဉ်နဲ့ကိုက်တဲ့ သီချင်းစာသားဖြစ်မြောက်ဖို့အတွက်ရယ်..။ သံစဉ်နဲ့ စာသားရပြီးပြီဆိုရင်
ဒီသီချင်းတွေဟာ ဘယ်သူ့အသံနဲ့ ကိုက်မလဲ စသဖြင့် ရွေးချယ်ရတော့မယ်..နောက်ပြီးတော့ သီဆိုတဲ့သူ
ကလည်း သီဆိုက ရချင်မှာဘဲ ရေးတဲ့သူကလည်း သီချင်းရေးခ ရချင်မှာဘဲ သံစဉ်ရှာသူကလည်း သံစဉ်
ရှာခပေါ့ နောက်ပြီး ခုခေတ်မှာဆို MP 3 အသံဖိုင်လောက်နဲ့ အဆင်မပြေတော့ဘူး သရုပ်ဆောင်တွေ
ဒါရိုက်တာတွေ ငှါးရပြုရနဲ့ အတော်လေးကို အကုန်အကျများလောက်ပါတယ်...။

ကဲဒါတွေကို တွက်ကြည့်တော့ သူတို့ရောင်းတဲ့ VCD တစ်ချပ်ဟာ တစ်ထောင်( 1000) တစ်ထောင့်ငါးရာ (1500) ဆိုတဲ့ ဈေးက မရောင်းချင်လဲ ရောင်းရတော့မယ်...။ သို့တည်းမဟုတ် 500 လောက်နဲ့ မြန်မာပြည်
အနံ့ဖြန့်မယ်ဆိုလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်..။ များသောအားဖြင့်တော့ သီချင်းတွေက မြို့ကြီးတွေ
လောက်သာ ဖြန့်တယ်မှတ်တာဘဲဗျာ အညာကျေးလက် မြို့ငယ်တွေကျတော့ သူတို့အရောင်းကိုယ်စားလှယ်
တွေ မရှိလောက်ဘူး တစ်ကယ်တော့ အညာကျေးလက် မြို့ငယ်လေးတွေရောပါ ဖြန့်ဖြူးရောင်းချမယ်ဆိုရင်
အဆင်ပြေမှာပါ..။

နောက်တစ်ခုပြောစရာက အညာကျေးလက်ကလည်း နှစ်ဆယ့်လေး (၂၄) နာရီ မီးမရတော့ အဲဒါလည်း
စဉ်းစားစရာဘဲ မီးတောင်မရှိဘူးဆိုတော့ ခေတ်ပေါ် EVD / DVD စသဖြင့် များများ မရှိလောက်ဘူးဗျာ.
အဲဒါလည်းထည့်စဉ်းစားရမှာဘဲ .မြို့ကြီးပြကြီးမှာတောင် မီးကပြည့်ပြည့်၀၀ မလာနိုင်ဘူးဆိုတော့ကာ
မြို့ငယ်ကျေးလက်တွေဆို ဘာပြောစရာ လိုသေးလို့လဲ ဟုတ်ဘူးလား..။ 

မြို့ငယ်လေးတွေမှာလည်း ခုတော့ ခေတ်ရေစီးကြောင်းအရ MP 3 ကဒ်ထိုးတဲ့ တရုတ်စက်လေးတွေနဲ့ ဖွင့်
နားထောင်နေကြပါပြီ သို့သော် အဲဒါက ကွန်ပျူတာနဲ့ သီချင်းသွင်းပေးတဲ့သူဘဲ ရနိုင်တာ..။ မြို့ငယ်တွေ
တောတွေမှာလည်း 2 GB လောက်ရှိတဲ့ ကဒ်တစ်ခုလောက်ဆိုရင် 2000 ။ 3000 စသဖြင့် ပေးရတယ်ဗျ.။
ပေးရမှာပေါ့ မီးမလာတော့ မီးစက်နိုးပြီး ကွန်ပျူတာ ဖွင့်ရတယ်လေ..အဲဒီတော့ ပေးရမှာပေါ့ ကိုယ်မှ မရှိတာ
ဟုတ်ဘူးလား...။

အချုပ်အားဖြင့် ပြောရရင်တော့ မြန်မာပြည်တစ်ဝှမ်းလုံး လျှပ်စစ်မီးပြည့်ပြည့်၀၀ ရတဲ့တစ်နေ့တော့ အဆိုတော်တွေ အဆင်ပြေလာမယ်မှတ်တာဘဲဗျာ..။ အဲဒါဆိုရင်တော့ ကောင်းပါလိမ့်မယ်..။
တစ်ကယ်ဖြစ်နေတာကတော့ မီးမပြောနဲ့ ဖုန်းတောင် လောက်လောက်ငှငှ မရောင်းချနိုင်သေးဘူးလေ..။
ကျုပ်တို့ ဖောင်းပြင်ဆိုတဲ့ မြို့ငယ်လေးမှာ မိုဘိုင်းဖုန်း တာဝါတိုင် တစ်ခုမှ မရှိသေးဘူး ဖောင်းပြင်တင် မကပါ
ဘူး အခြားနေရာတွေလည်း ကွန်ရက်ချိတ်ဆက်မှု မရောက်သေးတဲ့ နေရာတွေ အများကြီး ကျန်နေပါသေး
တယ်...။ ဒါလေးတွေလည်း နိုင်ငံတော်လူကြီးတွေ အနေနဲ့ စေတနာထားပြီး ပြုလုပ်ပေးစေချင်ပါတယ်ဗျာ...
တစ်ကယ်ပါ...။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ ...မိုးကောင်းကင် ဖောင်းပြင်...။ MoeKaungKin PhaungPyin (19.4.2013)
အမှတ်တရ ရေးတင်လိုက်တယ်

No comments:

Post a Comment